4 stroke Engine က Lambda controller အကြောင်း သိကြရဲ့လား

ဒီအဖြေကို သိရအောင် CB ကနေ အမေး၊ အဖြေလေးတွေကို တင်ပေးလိုက်ပါတယ်။ မသိတဲ့သူလည်း သိရအောင်ပေါ့။

မတူညီတဲ့ တင်ပြပုံနဲ့ ရေးသားလိုက်လို့ အပြောင်းအလဲပုံစံနဲ့ ဖတ်ရတာပေါ့။ ဒီလို တင်ပြရတာကလည်း ပေးချင်တဲ့ Message ရှိလို့ပါ။ အောက်ဆုံးမှာ ဘာ Message လဲဆိုတာ ရေးသားထားပါတယ်။
သူ - “ဆရာခင်ဗျား မင်္ဂလာပါ၊ 4 stroke high speed engine တွေရဲ့ Lambda controller လေး ဆရာ အားရင် တင်ပေးပါလား ခင်ဗျ”
ဆရာ - “ဘယ် Engine မှာ သုံးတာလဲ?” (မှတ်ချက်၊ ကျွန်တော်လည်း မသိဘူး။ 🙂)
သူ - “ကျွန်တော် စီးဖူးတဲ့ Old model Yanmar engine တွေမှာတော့ မပါဘူးဆရာ၊ သင်္ဘောပေါ်က တရုတ်စက်ချုပ်က အင်တာဗျူးလို့ပါ ဆရာ၊ သူစီးဖူးတဲ့ Hyundai 4 stroke တွေနဲ့ Wartsila engine တွေမှာ ပါတယ်လို့တော့ ပြောပါတယ် ဆရာ၊ ကျွန်တော့်ကို သူက Basic principles ကိုပဲ မေးတာပါ၊
ကျွန်တော် ရှာကြည့်တာ သိပ်မပြည့်စုံလို့ပါ ဆရာ၊
Generator စနှိုးတဲ့ အချိန်မှာ Scavenging air မလုံလောက်လို့ Unburnt fuel ကျန်ပြီး Black smoke ထွက်မှာကို Prevent လုပ်ဖို့ထားတာလို့တော့ ဖတ်ရပါတယ်ဆရာ၊
Air fuel ratio ချိန်ဖို့ ထားတာပါဆရာ။ အဲ့လိုတော့ ရှာတွေ့ပါတယ်”



ဆရာ - “ပေးထားတဲ့ပုံကို ကြည့်၊ စာဖတ်ပြီး အလုပ်လုပ်ပုံကို ဆရာ သိသွားပါပြီ၊ သူ ပို့ပေးထားတဲ့ ပုံတွေနဲ့ စာတွေအရ Engine ကို ဘာအတွက်၊ ဘယ်လို control လုပ်ထားသလဲဆိုတာ ဖြေကြည့်ပါအုံး၊
စာဖတ်ပြီး Apply လုပ်တတ်အောင် သင်ပေးနေတာနော်”
အခုလို မေးလိုက်ပြီး နောက် ၄ နာရီလောက်ကြာတော့ အောက်က အဖြေကို ပြန်ပြောပါတယ်။
သူ - “(၁)Generator ရဲ့ Momentary Load တက်လာတဲ့အချိန်မှာ Regulating device (governor) က ဆီ ပိုကျွေးဖို့ (Fuel index တိုးဖို့) Command ပေးမယ်ဆရာ၊
(၂) အဲ့အချိန်မှာ Fuel rack ကိုချိတ်ထားတဲ့ Regulator arm က Fuel rack ကို တိုးရင်း လည်ပြီးတော့ Switch- 2 (pickup) ကို ထိမယ်ဆရာ၊
(၃) အဲ့ Switch ကနေ Lambda controller -5 ရဲ့ Piston arm ကို အောက်ကို ကျအောင် တွန်းလိုက်မယ် ဆရာ။ ပြီးတော့ Electric circuit ကို Current စီးစေမယ် ဆရာ၊
(၄) အဲ့အချိန်မှာ Solenoid valve -4 က ဖွင့်ပြီးတော့ Compressed air system ကနေ Turbocharger ကို ၀င်ပြီး Charged air pressure တက်လာမယ်၊
(၅) တစ်ပြိုင်နက်မှာပဲ Charged air reservoir မှာ တက်လာတဲ့ Pressure က Lambda controller ရဲ့ Piston arm ကို ပုံမှန် Position ရောက်အောင် ပြန်တင်ပေးမယ်၊
(၆) Piston arm အပေါ်ကို တက်သွားတော့ Electric circuit open ဖြစ်ပြီး Solenoid valve -4 deactivate ဖြစ်ပြီး Turbocharger ကို ပေးထားတဲ့ Jet air ရပ်သွားမယ်ဆရာ”
ဆရာ - မှန်တယ်။ Engine မှာ ရုတ်တရက် Load ထိုးတက်သွားရင် Load ကို ပြန်ဆွဲချပြီး Set လုပ်ထားတဲ့ Lambda ration ကို ရောက်အောင် (normal ဖြစ်သွားအောင်) ပြန်ချိန်ညှိပေးတာပါ၊ အခုဆို ဆရာ ဘာမှ ရေးပြစရာ မလိုဘဲ သိသွားရောပေါ့၊ နောက် သိချင်တာရှိရင် Google မှာ အရင်ရှာကြည့်ပါ၊ သေချာနားလည်အောင် ဖတ်ပါ၊ မရရင် မေးပေါ့”
သူ - “ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်သိထားတာ မှန်မမှန်လဲ သိချင်တာလည်း ပါလို့ ပါဆရာ၊ ကျေးဇူးပါဆရာ”
ဆရာ - “ဒီအကြောင်း တင်ပေးပါဆိုလို့ တခြားသူတွေ သိရအောင် FB မှာ တင်ပေးလိုက်ပြီနော်။ နံမည်တော့ ဖျောက်ကွယ်ထားပေးပါတယ်”
ဒီအမေး၊ အဖြေ စကားလေးတွေကို ပူးတွဲပါ English ဘာသာနဲ့ မူရင်းပုံစာနဲ့ ယှဉ်ဖတ်လိုက်ရင် Lambda controller အကြောင်းကို သိရောပေါ့။
ဒီ Post မှာ အဓိကပြောချင်တာက အတွေ့အကြုံ မရှိသေးတဲ့ လူငယ်တွေက မသိတာရှိရင် တစ်စုံတစ်ယောက်ကို အလွယ်တကူ မေးသင့်ပါတယ်။
အတွေ့အကြုံရှိနေတဲ့ သူတွေဆိုရင် ကိုယ့်ဘာသာ အစွမ်းရှိသလောက် အရင် ကြိုးစားရှာဖွေဖတ်ရှုလေ့လာကြပါ။ Maker’s manual ဖြစ်ဖြစ်၊ Google or AI မှာဖြစ်ဖြစ်ပေါ့။ မရဘူးဆိုတော့မှ နီးစပ်ရာ စီနီယာသော်၎င်း၊ ဖြေပေးနိုင်သူကိုသော်၎င်း၊ မေးစေချင်တယ်။
အဲဒီအမူအကျင့်တွေက လူငယ်တွေ အပြစ် မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အများစုက ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျူရှင်ဆရာတွေ၊ Guide ဆရာတွေ၊ မိဘတွေ အားကိုးနဲ့ အရာရာကို ကျော်ဖြတ်လာခဲ့ရသူတွေဆိုတော့ တစ်ခုခုကို ရင်ဆိုင်ကျော်ဖြတ်ရတော့မယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု မရှိတော့ဘဲ တစ်စုံတစ်ယောက်ကို အားကိုး ရှာတတ်ကြတဲ့ အလေ့အကျင့်တွေ စွဲနေကြတယ်။
ကိုယ့်ဘဝမှာ ပြောလို့ မရဘူးပေါ့နော်။ တစ်ချိန် ကိုယ့်ဘေးမှာ အားကိုးရမယ့်သူ၊ ​မေးမြန်းတိုင်ပင်ရမယ့်သူ မရှိတဲ့အခါမျိုးမှာ ကိုယ်တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိဘဲ ပြဿနာ သေးသေးမွှားမွှားတွေကအစ ခက်ခက်ခဲခဲကြီးတွေ ဖြစ်နေတတ်တယ်။ မလိုအပ်ဘဲ ​ခေါင်းစားရတာ​ပေါ့။
အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ပြီး ဘဝခရီးကို ဖြတ်ကျော်လာခဲ့ရတဲ့သူတွေမှာ ဒီလို စိတ်ဓာတ်မျိုး မရှိကြဘူး။
ဒါကြောင့် လူငယ်တွေ မိမိကိုယ်ကို ယုံကြည်ချက် ထားရှိကြပါ။ လူတိုင်းမှာ သူ့အခြေအနေနဲ့ သူ၊ အစွမ်းအစ ကိုယ်စီ ရှိကြပါတယ်။ လုပ်နေတာထက် ပိုပြီး အားစိုက်လိုက်ယုံနဲ့ ကိုယ့်ဘာသာ သိရှိ၊ နားလည်၊ ဖြေရှင်းနိုင်တာကို တွေ့ရပါလိမ့်မယ်။
ဒီလို ရေးရတာက မသိတာ လာမမေးစေချင်လို့ မဟုတ်ပါဘူး။ အလုပ်နဲ့ ပတ်သက်လို့ တစ်ဘက်ကမ်းခတ်အောင် နားလည်နေတဲ့ ဆရာကြီး မဟုတ်ပေမယ့် မေးလာသူတွေကို စေတနာရှေ့ထားပြီး သိသလောက်လေးကို ကြိုးစားဖြေပေးနေပါတယ်။
လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို နောက်တစ်ဆင့် မြှင့်တက်စေချင်ယုံ သက်သက်နဲ့ ရေးလိုက်တာပါ။
မေတ္တာဖြင့်
သန်းလွင် CE
03.09.2023

Comments

Popular posts from this blog

Boiler မောင်းရင် ကြုံတွေ့ရမယ့် ပြဿနာများ

Slow Turning Engine အကြောင်း