Boiler မောင်းရင် ကြုံတွေ့ရမယ့် ပြဿနာများ
Boiler က ကောင်းနေရင် အေးအေးဆေးဆေးဖြစ်နေပေမယ့် ပြဿနာပေးလေ့ရှိတဲ့ Boiler ဆိုရင်တော့ ခေါင်းစားရတတ်တယ်။ အခုရေးလိုက်တာကတော့ ဖြစ်တတ်တဲ့ အပြစ်လေးတွေပါ။ သိထားရင်တော့ Boiler မောင်းတဲ့အခါ အခက်အခဲတွေ့တဲ့အခါ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယူဆလို့ပါ။ ၁။ Fuel inlet valve ပိတ်နေခြင်း။ (Boiler မဝင်ခင်မှာ ရှိတဲ့ Fuel valve တွေကို တစ်စုံတစ်ယောက်က အကြောင်း တစ်ခုခုကြောင့် ပိတ်ထားမိတာရင် ကြုံတွေ့ရတတ်တယ်။ ဖြစ်တတ်တာကြောင့် Boiler burner က ဆီ မလိုက်ရင် စစ်ပေါ့။) ၂။ Boilerရဲ့ Fuel filter ပိတ်နေခြင်း။ (Filter ကို ပုံမှန်မဆေးရင်သော်၎င်း၊ HFO သုံးခဲ့ရင် Fuel က လုံလောက်တဲ့ အပူ မရရင်လည်း ပိတ်ဆို့တတ်တယ်။) ၃။ Boiler fuel pump မကောင်းခြင်း။ (Pump’s pressure gauge ကြည့်ပေါ့။ Pressure မကောင်းရင် အပေါ်က အပြစ်လေးတွေ စစ်ဆေးပါ။ Motor/Pump မကောင်းရင် ဖြုတ်စစ်ပေါ့။) ၄။ Solenoid valve မကောင်းခြင်း။ (Fuel line ကို အဖွင့်၊ အပိတ် လုပ်ပေးတဲ့ Solenoid valve မကောင်းရင်လည်း Fuel oil မလာနိုင်ပါဘူး။) ၅။ Flame eye မကောင်းခြင်း။ (Flame eye ဆိုတာ Boiler ထဲမှာ မီးတောက်၊ မတောက် ထောက်လှမ်းပေးတဲ့ Photocell flame sensor ပါ။ Boiler စမောင်းတာန