Posts

Showing posts from September, 2023

4 stroke Engine က Lambda controller အကြောင်း သိကြရဲ့လား

Image
ဒီအဖြေကို သိရအောင် CB ကနေ အမေး၊ အဖြေလေးတွေကို တင်ပေးလိုက်ပါတယ်။ မသိတဲ့သူလည်း သိရအောင်ပေါ့။ မတူညီတဲ့ တင်ပြပုံနဲ့ ရေးသားလိုက်လို့ အပြောင်းအလဲပုံစံနဲ့ ဖတ်ရတာပေါ့။ ဒီလို တင်ပြရတာကလည်း ပေးချင်တဲ့ Message ရှိလို့ပါ။ အောက်ဆုံးမှာ ဘာ Message လဲဆိုတာ ရေးသားထားပါတယ်။ သူ - “ဆရာခင်ဗျား မင်္ဂလာပါ၊ 4 stroke high speed engine တွေရဲ့ Lambda controller လေး ဆရာ အားရင် တင်ပေးပါလား ခင်ဗျ” ဆရာ - “ဘယ် Engine မှာ သုံးတာလဲ?” (မှတ်ချက်၊ ကျွန်တော်လည်း မသိဘူး။ ) သူ - “ကျွန်တော် စီးဖူးတဲ့ Old model Yanmar engine တွေမှာတော့ မပါဘူးဆရာ၊ သင်္ဘောပေါ်က တရုတ်စက်ချုပ်က အင်တာဗျူးလို့ပါ ဆရာ၊ သူစီးဖူးတဲ့ Hyundai 4 stroke တွေနဲ့ Wartsila engine တွေမှာ ပါတယ်လို့တော့ ပြောပါတယ် ဆရာ၊ ကျွန်တော့်ကို သူက Basic principles ကိုပဲ မေးတာပါ၊ ကျွန်တော် ရှာကြည့်တာ သိပ်မပြည့်စုံလို့ပါ ဆရာ၊ Generator စနှိုးတဲ့ အချိန်မှာ Scavenging air မလုံလောက်လို့ Unburnt fuel ကျန်ပြီး Black smoke ထွက်မှာကို Prevent လုပ်ဖို့ထားတာလို့တော့ ဖတ်ရပါတယ်ဆရာ၊ Air fuel ratio ချိန်ဖို့ ထားတာပါဆရာ။ အဲ့လိုတော့ ရှာတွေ့ပါတယ်” ဆရာ - “ပေးထားတဲ့ပုံကို ကြည့်၊ စာဖတ်ပြီး အလုပ်