Boiler မောင်းရင် ကြုံတွေ့ရမယ့် ပြဿနာများ

Boiler က ကောင်းနေရင် အေး​အေး​ဆေးဆေးဖြစ်နေပေမယ့် ပြဿနာပေးလေ့ရှိတဲ့ Boiler ဆိုရင်တော့ ခေါင်းစားရတတ်တယ်။ အခုရေးလိုက်တာကတော့ ဖြစ်တတ်တဲ့ အပြစ်လေးတွေပါ။ သိထားရင်တော့ Boiler မောင်းတဲ့အခါ အခက်အခဲတွေ့တဲ့အခါ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယူဆလို့ပါ။



၁။ Fuel inlet valve ပိတ်နေခြင်း။
(Boiler မဝင်ခင်မှာ ရှိတဲ့ Fuel valve တွေကို တစ်စုံတစ်ယောက်က အကြောင်း တစ်ခုခုကြောင့် ပိတ်ထားမိတာရင် ကြုံတွေ့ရတတ်တယ်။ ဖြစ်တတ်တာကြောင့် Boiler burner က ဆီ မလိုက်ရင် စစ်ပေါ့။)
၂။ Boilerရဲ့ Fuel filter ပိတ်နေခြင်း။
(Filter ကို ပုံမှန်မဆေးရင်သော်၎င်း၊ HFO သုံးခဲ့ရင် Fuel က လုံလောက်တဲ့ အပူ မရရင်လည်း ပိတ်ဆို့တတ်တယ်။)
၃။ Boiler fuel pump မကောင်းခြင်း။
(Pump’s pressure gauge ကြည့်ပေါ့။ Pressure မကောင်းရင် အပေါ်က အပြစ်လေးတွေ စစ်ဆေးပါ။ Motor/Pump မကောင်းရင် ဖြုတ်စစ်ပေါ့။)
၄။ Solenoid valve မကောင်းခြင်း။
(Fuel line ကို အဖွင့်၊ အပိတ် လုပ်ပေးတဲ့ Solenoid valve မကောင်းရင်လည်း Fuel oil မလာနိုင်ပါဘူး။)
၅။ Flame eye မကောင်းခြင်း။
(Flame eye ဆိုတာ Boiler ထဲမှာ မီးတောက်၊ မတောက် ထောက်လှမ်းပေးတဲ့ Photocell flame sensor ပါ။ Boiler စမောင်းတာနဲ့ မီးတောက်ကို မတွေ့ရင် Flame failure alarm လာပြီး Boiler ရပ်သွားပါလိမ့်မယ်။)


၆။ Air or Fuel ratio မမှန်ခြင်း။
(Complete combustion ကောင်းဖို့က Air or Fuel ratio က မှန်ဖို့ အရေးကြီးတယ်။ Air နည်းရင် Combustion မကောင်းလို့ ခေါင်းတိုင်က မီးခိုးတွေ တလူလူထွက်နေမယ်။ Air သိပ်များနေရင်လည်း လောင်နေတဲ့ မီးတောက်ကို ငြိမ်းပစ်သလို ဖြစ်တတ်တယ်။ Air or Fuel ratio ကို Force draft fan flaps ရဲ့ အဖွင့် အပိတ်ကို ချိန်ပေးရမယ်။ ဒါလုပ်ဖို့က ကိုယ့်ရဲ့ Boiler manual ဖတ်ကြည့်ပေါ့။ Boiler တစ်ခုနဲ့ တစ်ခု မတူလို့ပါ။)


၇။ Force draft fan flaps မကောင်းခြင်း။
(Force draft fan ဆိုတာ မီးတောက်လောင်ဖို့အတွက် Boiler ထဲကို ထည့်ပေးတဲ့ ပန်ကာပါ။ Fan flaps က ကြပ်ပြီး အဖွင့်၊ အပိတ်က ပုံမှန် မဟုတ်ရင် Air or Fuel ratio မမှန်လို့ Combustion ကောင်းမှာ မဟုတ်ပါဘူး။ Boiler အမျိုးအစားပေါ်မူတည်လို့ Fan flaps အမျိုးမျိုးရှိတတ်တာကြောင့် Boiler manual ဖတ်ပြီး အလုပ်လုပ်ပါ။)


၈။ Contactor switch inside Control panel မကောင်းခြင်း။
(Boiler control panel ထဲမှာ contactors and PLC cards တွေ ရှိတယ်။ Contactor တစ်ခု ပျက်တာနဲ့ Boiler မောင်းဖို့ ပြဿနာပေါ်ပါပြီ။
၉။ Trip ကို Reset မလုပ်ထားခြင်း။
(Low water level, flame failure, emergency stop စတဲ့ ချို့ယွင်းမှုတွေကြောင့် Alarm လာပြီး Reset ကို မနှိပ်ထားရင် Boiler က ပြန်မောင်းလို့ မရတော့ပါဘူး။)
၁၀။ Main Burner atomizer ထိပ်ဝလေးက ပိတ်/ကာနေခြင်း။
(Main Burner atomizer ထိပ်ဝလေးက ဆီချိုး၊ ကာဘွန်ချိုးတွေနဲ့ ပိတ်/ကာနေရင် Fuel atomization မကောင်းလို့ မီးကောင်းကောင်း မတောက်လောင်နိုင်ပါပဲ Flame failure alarm နဲ့ Boiler trip ဖြစ်သွားပါလိမ့်မယ်။)


၁၁။ Pilot burner nozzle ထိပ်ဝ ပိတ်ခြင်း။
(Main burner လိုပဲ Pilot burner nozzle ထိပ်ဝလေးက ဆီချိုး၊ ကာဘွန်ချိုးတွေနဲ့ ပိတ်/ကာနေရင်လည်း Main burner ကို မီး မကူးနိုင်လို့ Flame failure alarm လာပါလိမ့်မယ်။ Pilot burner ထဲမှာ Filter လေး ရှိရင် မကြာမကြာဖြုတ်ဆေးပေးပါ။ အဲဒါ ပိတ်နေရင် တူတဲ့ ပြဿနာပေးပါတယ်။ Fuel တစ်မျိုးတည်း သုံးရင်တော့ Burner nozzle size က တစ်မျိုးတည်းဖြစ်နိုင်ပေမယ့် Pilot burner မှာ DO/Marine gas oil သုံးပြီး Main burner အတွက်ဆို HFO သုံးတဲ့ Boiler ဆိုရင် Nozzle size တွေ သေချာစစ်ပြီး တပ်ဖို့လိုတယ်။)
၁၂။ Electrodes က Spark မခတ်ခြင်း။
(Pilot burner က ဆီ စဖြန်းတဲ့အခါ Electrodes က Spark ခတ်မှ မီးတောက်ပြီးမှ Main burner က ဆီကို တောက်လောင်စေတယ်။ အဲဒီအခါမှ Pilot burner က ဆီဖြန်းတာ ရပ်သွားတယ်။ Electrodes ထိပ်မှာ ကာဘွန်ချိုးတွေ ကပ်ညစ်ပတ်နေရင် လျှပ်မကူးခတ်နိုင်ဘူး။ Electrodes ထိပ်နှစ်ဘက်ကို သန့်ရှင်းရေး လုပ်ပေးရတယ်။ တစ်ခါတစ်ရံ လိုအပ်ရင် Electrodes ထိပ်နှစ်ဘက်ရဲ့ အကွာအဝေးကို ချိန်ပေးရတယ်။ Electrodes ကို စမ်းသပ်ဖို့ Burner တစ်အုံလုံးကို အပြင်ထုတ်၊ Fuel valves တွေကို ပိတ်ပြီး Spark ခတ်ကြည့်ကြတယ်။ Electrodes ရဲ့ Circuit မကောင်းရင်သော်၎င်း၊ Electrodes ထိပ်မှာ တပ်ထားတဲ့ ဝါယာကြိုးတွေ ပျက်နေရင်သော်၎င်း၊ Electrodes က အလုပ် မလုပ်တော့ဘူး။
မေတ္တာဖြင့်
သန်းလွင် CE
25.08.2023
Photos are Credit to original uploaders.

Comments

Popular posts from this blog

Slow Turning Engine အကြောင်း