Slow Turning Engine အကြောင်း

ဒီအကြောင်းကို MEO စာမေးပွဲတွေမှာ မေးတတ်ပါတယ်။ Main engine safety အတွက်လည်း သိသင့်တာပေါ့။

Main Engine ကို မနှိုးခင်မှာ Slow turning လုပ်ရတဲ့နည်းက Engine type ပေါ် မူတည်လို့ ကွဲပြားပါတယ်။ ဒါကြောင့် Slow turning လုပ်ဖို့ ပြင်ဆင်ရတာ နည်းနည်းကွဲနေပါတယ်။ သဘောတရားက အတူတူပါပဲ။

Main Engines တိုင်းမှာ ပါတဲ့ Turning gear နဲ့ လှည့်​ပေးတာလည်း Slow turning ပဲ​နော်။

အလားတူပဲ Starting air နဲ့ Blow through လုပ်ပြီး Main Engine ကို လှည့်ပေးတာလည်း Slow turning ပါပဲ။
Starting air နဲ့ လှည့်ပေးတဲ့ Slow turning device တွေကို သုံးပြီး Starting air နဲ့ Engine လှည့်ပေးတာက ​နောက်တစ်နည်း​ပေါ့။ MAN B&W ME diesel engine တွေ၊ Wartsila RT Flex engine ​တွေမှာ Standard အနေနဲ့ ပါတတ်ပေမယ့် တခြား Engines အမျိုးအစားတွေမှာ ပါတာရှိသလို၊ မပါတာလည်း ရှိပါတယ်။
ပုံမှန်အားဖြင့် သင်္ဘောထွက်ဖို့ မိနစ် ၃၀ အလိုမှာ Main Engine ကို Slow turning အ​နေနဲ့ အမြဲလုပ်ပေးရတယ်။


“Slow Turning ဘာကြောင့်လုပ်​ပေးရတာလဲ?”
Main Engine ရဲ့ Cylinder ထဲမှာ Leakage တစ်ခုခုကြောင့် Jacket cooling fresh water or fuel oil တွေရှိနေရင် Engine ကို နှိုးလိုက်တဲ့အခါ Piston ရဲ့ဖိအားနဲ့ ဖြစ်ပေါ်လာတဲ့ Hydraulic pressure ကြောင့် Cylinder head တွေ ကွဲအက်တတ်ပါတယ်။ အခန့် မသင့်ရင်လည်း Connecting rod & Crankshaft တို့ကိုပါ ထိခိုက်ပျက်စီးနိုင်တယ်။ ဒါတွေ မဖြစ်အောင် Engine မနှိုးခင် Indictor valves တွေ ဖွင့်ပြီး Turning gear or Slow turning device နဲ့ Engine ကို လှည့်လို့ Slow turning လုပ်ရပါတယ်။
ကြာကြာရပ်ထားတဲ့ Engine moving parts တွေ Ease ဖြစ်သွားအောင်လို့လည်း ပါတာပေါ့။


“Slow Turning the Main Engine နည်း သုံးမျိုးအကြောင်း”
1. Turning gear နဲ့ Main Engine လှည့်ပေးခြင်း၊
2. Starting air နဲ့ Main Engine ကို လှည့်ပေးခြင်း (Engine blow through)
3. Slow turning device နဲ့ Main Engine လှည့်ပေးခြင်း၊
(a) Manual mode.
(b) Auto mode.
1. Turning gear နဲ့ Main Engine လှည့်ပေးခြင်း။
ဒီနည်းကတော့ အားလုံး လုပ်ဖူးကြပါတယ်။
၁။ Indicator valves အားလုံးကို ဖွင့်ရပါမယ်။
၂။ Turning gear engage ဖြစ်ရပါမယ်။
၃။ Starting air ပိတ်ထားရပါမယ်။
၄။ Fuel lever ကို Stop position နဲ့ Engine control ကို Finish with engine ထားပေးရပါမယ်။
၅။ Bridge မှ Duty officer ကို Propeller clear ဖြစ်၊ မဖြစ်မေးရမယ်။ Clear ဖြစ်မှ Engine ကို Turning gear နဲ့ လှည့်ရပါမယ်။
၆။ Engine ဖြည်းဖြည်းချင်း လည်ပတ်နေဆဲမှာ Cylinder Lubricator ကို လှည့်ပြီး Cylinders မျက်နှာပြင်တွေပေါ်မှာ ဆီစွတ်ထားပေးရမယ်။
၈။ ပြီးရင် Indicator valves ကနေ Fuel or Jacket cooling water တစ်ခုခု ထွက်၊ မထွက်ကြည့်ရမယ်။ ဘာမှ မထွက်လာရင်တော့ OK ပေါ့။ အရည်တစ်ခုခုထွက်လာရင် Engine combustion chamber ထဲ ယိုစိမ့်နေတဲ့ အပြစ်ကို ရှာဖွေ ပြင်ဆင်ရမယ်။
၉။ Engine ကို တစ်ပတ်၊ နှစ်ပတ်လှည့်ပြီးသွားရင် Turning gear ကို Disengage လုပ်ရမယ်။
၁၀။ Indicator valves တွေကို ပြန်ပိတ်ရပါမယ်။
၁၁။ Jacket cooling water pump, Lubricating oil pump, Fuel oil pump တွေ မောင်း၊ Main air receiver valve, Main auto Starting air valve တွေ ဖွင့်ပြီးလို့ Pressures, Temperatures တွေ ပုံမှန်ဆိုရင် Engine နှိုးဖို့ Stand by ဖြစ်ပါပြီ။


2. Starting air နဲ့ Main Engine ကို လှည့်ပေးခြင်း (Engine blow through)။
၁။ Indicator valves အားလုံးကို ဖွင့်ရပါမယ်။
၂။ Turning gear disengage ဖြစ်ရပါမယ်။ (Engage မဟုတ်ဘူးနော်။)
၃။ Starting air ဖွင့်ထားရပါမယ်။
၄။ Cylinder lubricator ကို လှည့်ပေးထားရမယ်။
၅။ Lubricating oil pump & Fuel pump တွေ မောင်းထားမယ်။
၆။ Fuel lever ကို Stop position နဲ့ Engine control lever ကို Standby engine မှာ ထားပေးရပါမယ်။
၇။ Bridge မှ Duty officer ကို Propeller clear ဖြစ်၊ မဖြစ်မေးရမယ်။
၈။ Propeller clear ဖြစ်မှ Engine control lever/Telegraph ကို Start or Dead slow ahead ကို တစ်ချက်ရွေ့ပြီး Engine တစ်ပတ်လောက် လည်ပြီးရင် (Engine indicator cocks တွေက လေထွက်သံ သုံး၊ လေး၊ ငါးချက်လောက် ကြားရရင်) Stop Engine မှာ ပြန်ထားရမယ်။ Engine တစ်ပတ် လည်တယ်​ပေါ့။
Telegraph နဲ့ လုပ်ရင်တော့ Bridge telegraph ကလည်း လိုက်ရွေ့ပေးရမယ်။
တချို့ Engine မှာ Engine နှိုးဖို့ Starting air ဖွင့်ပေးတဲ့ သီးသန့် Button/lever လေးရှိရင် အဲဒါလေးနဲ့ နှိပ်/ရွေ့ပြီး Air နဲ့ Engine ကို Kick ပေါ့။
၉။ ပြီးရင် Indicator valves ကနေ Fuel or Jacket cooling water တစ်ခုခု ထွက်၊ မထွက်ကြည့်ရမယ်။ ဘာမှ မထွက်လာရင်တော့ OK ပေါ့။
၁၀။ Indicator valves တွေ ပြန်ပိတ်ရပါမယ်။




3. Slow turning device နဲ့ Main engine လှည့်ပေးခြင်း။
Slow turning device ပါတဲ့ Main Engine ကို စတင်နှိုးလိုက်တာနဲ့ Fuel oil ကို Block လုပ်ထားပြီး Starting air က Auto main starting air valve ကို Bypass လုပ်လို့ Main Engine ကို Slow turning 5 to 10 rpm နဲ့ တစ်ပတ်လောက် လှည့်ပေးတယ်။ Slow turning လည်ဖို့ အချိန်ပြည့်တာနဲ့ Cylinder cover မှာ တပ်ထားတဲ့ Starting air valves တွေက ပွင့်သွားပြီး Engine နိုးလာပါလိမ့်မယ်။ တကယ်လို့ Slow turning နဲ့ Engine လည်နေတုန်း တစ်ခုခုမှားယွင်းသွားရင် Alarm လာပြီး Engine မနိုးနိုင်တော့ပါဘူး။ အပြစ်ရှာရမှာပေါ့။
(a) ‘Manual mode’
၁။ Indicator valves အားလုံးဖွင့်ရပါမယ်။
၂။ Turning gear disengage ဖြစ်ရပါမယ်။ (Engage မဟုတ်ဘူးနော်။)
၃။ Starting air ဖွင့်ထားရပါမယ်။
၄။ cylinder lubricating oil pump မောင်းပေးရမယ်။ (Pre-lubrication)
၅။ Starting air receivers valve တွေ ဖွင့်ရမယ်။
၆။ Reversing lever က Remote Control မှာ ထားရမယ်။
၇။ Exhaust valve actuators and air spring pressure တွေ ပုံမှန် ရှိရမယ်။
၈။ Bridge က Duty officer ကို Propeller clear ဖြစ်၊ မဖြစ်မေးရပါမယ်။ Clear ဖြစ်မှ Slow turning လုပ်ရမယ်။
၉။ Engine control room ထဲက Slow turning switch ကို Slow turning ဘက် နှိပ်/လှည့်ပေးထားရမယ်။
၁၀။ Telegraph ကို Dead slow ahead မှာ ထားပေးရပါမယ်။
၁၁။ Speed control lever/dial ကို Start position မှာ ထားရင် Engine စတင်လည်ပတ်ပါပြီ။
၁၂။ Engine လည်ပတ်နေဆဲမှာ Indicator valves ကနေ အရည် Liquid တစ်ခု ထွက်၊ မထွက် ကြည့်ရပါမယ်။ ဘာမှ မထွက်လာရင်တော့ OK ပေါ့။
၁၃။ Engine တစ်ပတ်လောက် လည်ပြီးသွားရင် Telegraph ကို Stop engine ပြန်​ရွေ့လို့ Engine ရပ်ပါမယ်။
၁၄။Slow turning Switch ကို Normal position ဘက် နှိပ်/လှည့်လိုက်ပါမယ်။
၁၅။ Indicator valves တွေ ပြန်ပိတ်မယ်။
(b) Auto mode
Bridge control မှာဖြစ်ဖြစ်၊ Engine room control မှာဖြစ်ဖြစ်၊ သင်္ဘောထွက်ဖို့ Standby engine ပေးတဲ့အချိန်မှာ Slow turning device ကို On ထားပြီး Engine ကို ပထမဆုံးနှိုးတာနဲ့ Slow turning နဲ့ စတင်လည်ပတ်တယ်။ Timing ပြည့်သွားတဲ့အချိန်မှာ Main Engine က Starting air valve ပွင့်လို့ နိုးသွားပါတယ်။
1994 ခုနှစ် 2/E ဘဝက အလွန်အေးတဲ့ဆောင်းရာသီမှာ Europe ဘက်ကိုအသွား၊ ဆိပ်ကမ်းကပ်ဖို့ စောနေလို့ဆိုပြီး သင်္ဘောကို ပင်လယ်ထဲရပ်ပြီး 3, 4 နာရီလောက် Drifting လုပ်မျှောထားချိန်မှာ C/E က အမိန့်ပေးလို့ Main Engine ကို Standby Engine mode နဲ့ Engine slow turning device ကို Switch on ထားပေးခဲ့ဖူးတယ်။ သင်္ဘောက အချိန်မရွေးပြန်ထွက်မယ်လို့ သိရတော့ Main engine ကို Warming up လုပ်ထားရင် Engine ပြန်နှိုးဖို့ ပြင်ဆင်တဲ့ အချိန် မရမှာလည်း ပူပန်ပုံရတယ်။ ရာသီဥတုကလည်း အေးနေတယ်။
Standby Engine mode နဲ့ ထားပြီး မိနစ်၃၀ ထက်ပိုကြာအောင် Engine မလည်ဘဲ ရပ်ထားရင် Slow turning device က သူ့ဘာသာ Engine ကို Auto လှည့်ပေးပါတယ်။
Engine Slow turning လုပ်တဲ့နည်းတွေကို တတ်နိုင်သလောက် ပြည့်စုံအောင် ဖြည့်စွက်ရေးသားထားပေမယ့် ကိုယ့် Engine control consol က တည်ဆောက်ထားပုံစနစ်တွေက Engine types & Makers အမျိုးမျိုးကြောင့် မတူကြတော့ အလုပ်လုပ်ပုံ Steps လေးတွေ နည်းနည်းဆီ ကွဲပြားနေပေမယ့် သဘောတရားက အတူတူပါပဲ။
လက်တွေ့စက်ခန်းတွေမှာ လုပ်ကြတဲ့အခါ Maker manual ကို သေချာ ဖတ်ပြီး လုပ်စေချင်ပါတယ်။
နမူနာအနေနဲ့ သိရအောင် MAN B&W MC engine နဲ့ Wasila RTflex-96C engine တို့ရဲ့ Manual မှာ ပါတဲ့ Slow turning လုပ်ပုံမူရင်းစာသား​တွေကိုပါ ပူတွဲလေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်။




မေတ္တာဖြင့်
သန်းလွင် CE
07.08.2023
Sources from Wartsila & MAN B&W Diesel Engine.
All photos are credit to original uploaders.

Comments

Popular posts from this blog

Boiler မောင်းရင် ကြုံတွေ့ရမယ့် ပြဿနာများ