Posts

4 stroke Engine က Lambda controller အကြောင်း သိကြရဲ့လား

Image
ဒီအဖြေကို သိရအောင် CB ကနေ အမေး၊ အဖြေလေးတွေကို တင်ပေးလိုက်ပါတယ်။ မသိတဲ့သူလည်း သိရအောင်ပေါ့။ မတူညီတဲ့ တင်ပြပုံနဲ့ ရေးသားလိုက်လို့ အပြောင်းအလဲပုံစံနဲ့ ဖတ်ရတာပေါ့။ ဒီလို တင်ပြရတာကလည်း ပေးချင်တဲ့ Message ရှိလို့ပါ။ အောက်ဆုံးမှာ ဘာ Message လဲဆိုတာ ရေးသားထားပါတယ်။ သူ - “ဆရာခင်ဗျား မင်္ဂလာပါ၊ 4 stroke high speed engine တွေရဲ့ Lambda controller လေး ဆရာ အားရင် တင်ပေးပါလား ခင်ဗျ” ဆရာ - “ဘယ် Engine မှာ သုံးတာလဲ?” (မှတ်ချက်၊ ကျွန်တော်လည်း မသိဘူး။ ) သူ - “ကျွန်တော် စီးဖူးတဲ့ Old model Yanmar engine တွေမှာတော့ မပါဘူးဆရာ၊ သင်္ဘောပေါ်က တရုတ်စက်ချုပ်က အင်တာဗျူးလို့ပါ ဆရာ၊ သူစီးဖူးတဲ့ Hyundai 4 stroke တွေနဲ့ Wartsila engine တွေမှာ ပါတယ်လို့တော့ ပြောပါတယ် ဆရာ၊ ကျွန်တော့်ကို သူက Basic principles ကိုပဲ မေးတာပါ၊ ကျွန်တော် ရှာကြည့်တာ သိပ်မပြည့်စုံလို့ပါ ဆရာ၊ Generator စနှိုးတဲ့ အချိန်မှာ Scavenging air မလုံလောက်လို့ Unburnt fuel ကျန်ပြီး Black smoke ထွက်မှာကို Prevent လုပ်ဖို့ထားတာလို့တော့ ဖတ်ရပါတယ်ဆရာ၊ Air fuel ratio ချိန်ဖို့ ထားတာပါဆရာ။ အဲ့လိုတော့ ရှာတွေ့ပါတယ်” ဆရာ - “ပေးထားတဲ့ပုံကို ကြည့်၊ စာဖတ်ပြီး အလုပ်

Boiler မောင်းရင် ကြုံတွေ့ရမယ့် ပြဿနာများ

Image
Boiler က ကောင်းနေရင် အေး​အေး​ဆေးဆေးဖြစ်နေပေမယ့် ပြဿနာပေးလေ့ရှိတဲ့ Boiler ဆိုရင်တော့ ခေါင်းစားရတတ်တယ်။ အခုရေးလိုက်တာကတော့ ဖြစ်တတ်တဲ့ အပြစ်လေးတွေပါ။ သိထားရင်တော့ Boiler မောင်းတဲ့အခါ အခက်အခဲတွေ့တဲ့အခါ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယူဆလို့ပါ။ ၁။ Fuel inlet valve ပိတ်နေခြင်း။ (Boiler မဝင်ခင်မှာ ရှိတဲ့ Fuel valve တွေကို တစ်စုံတစ်ယောက်က အကြောင်း တစ်ခုခုကြောင့် ပိတ်ထားမိတာရင် ကြုံတွေ့ရတတ်တယ်။ ဖြစ်တတ်တာကြောင့် Boiler burner က ဆီ မလိုက်ရင် စစ်ပေါ့။) ၂။ Boilerရဲ့ Fuel filter ပိတ်နေခြင်း။ (Filter ကို ပုံမှန်မဆေးရင်သော်၎င်း၊ HFO သုံးခဲ့ရင် Fuel က လုံလောက်တဲ့ အပူ မရရင်လည်း ပိတ်ဆို့တတ်တယ်။) ၃။ Boiler fuel pump မကောင်းခြင်း။ (Pump’s pressure gauge ကြည့်ပေါ့။ Pressure မကောင်းရင် အပေါ်က အပြစ်လေးတွေ စစ်ဆေးပါ။ Motor/Pump မကောင်းရင် ဖြုတ်စစ်ပေါ့။) ၄။ Solenoid valve မကောင်းခြင်း။ (Fuel line ကို အဖွင့်၊ အပိတ် လုပ်ပေးတဲ့ Solenoid valve မကောင်းရင်လည်း Fuel oil မလာနိုင်ပါဘူး။) ၅။ Flame eye မကောင်းခြင်း။ (Flame eye ဆိုတာ Boiler ထဲမှာ မီးတောက်၊ မတောက် ထောက်လှမ်းပေးတဲ့ Photocell flame sensor ပါ။ Boiler စမောင်းတာန

Slow Turning Engine အကြောင်း

Image
ဒီအကြောင်းကို MEO စာမေးပွဲတွေမှာ မေးတတ်ပါတယ်။ Main engine safety အတွက်လည်း သိသင့်တာပေါ့။ Main Engine ကို မနှိုးခင်မှာ Slow turning လုပ်ရတဲ့နည်းက Engine type ပေါ် မူတည်လို့ ကွဲပြားပါတယ်။ ဒါကြောင့် Slow turning လုပ်ဖို့ ပြင်ဆင်ရတာ နည်းနည်းကွဲနေပါတယ်။ သဘောတရားက အတူတူပါပဲ။ Main Engines တိုင်းမှာ ပါတဲ့ Turning gear နဲ့ လှည့်​ပေးတာလည်း Slow turning ပဲ​နော်။ အလားတူပဲ Starting air နဲ့ Blow through လုပ်ပြီး Main Engine ကို လှည့်ပေးတာလည်း Slow turning ပါပဲ။ Starting air နဲ့ လှည့်ပေးတဲ့ Slow turning device တွေကို သုံးပြီး Starting air နဲ့ Engine လှည့်ပေးတာက ​နောက်တစ်နည်း​ပေါ့။ MAN B&W ME diesel engine တွေ၊ Wartsila RT Flex engine ​တွေမှာ Standard အနေနဲ့ ပါတတ်ပေမယ့် တခြား Engines အမျိုးအစားတွေမှာ ပါတာရှိသလို၊ မပါတာလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် သင်္ဘောထွက်ဖို့ မိနစ် ၃၀ အလိုမှာ Main Engine ကို Slow turning အ​နေနဲ့ အမြဲလုပ်ပေးရတယ်။ “Slow Turning ဘာကြောင့်လုပ်​ပေးရတာလဲ?” Main Engine ရဲ့ Cylinder ထဲမှာ Leakage တစ်ခုခုကြောင့် Jacket cooling fresh water or fuel oil တွေရှိနေရင် Engine ကို နှိုးလိုက်တ